နိုဝင်ဘာလမှစ၍ ထိုင်းနိုင်ငံနာမည်ကြီးကမ်းခြေ ၂၀ တွင်ဆေးလိပ်မသောက်ရ တားမြစ်ချက် ကျူးလွန်သူများကို ဘတ်ငွေတစ်သိန်း(သို့)ထောင်ဒဏ်တစ်နှစ်အထိ ကျခံရမည်ဟု ထိုင်းအာဏာပိုင်တွေကပြောကြားသည်။ ဤတားမြစ်ချက်သည် နာမည်ကျော်ဖူးခက်ကျွန်း ပါတုန်းကမ်းခြေတစ်လျှောက် စီးကရက်တိုပေါင်း ၁၄၀၀၀၀နီးပါးရှင်းလင်းခဲ့ရပြီးနောက် ထွက်လာခြင်းဖြစ်သည်။ဆေးလိပ်သောက်သူများသည် သတ်မှတ်သည့်နေရာများ အသုံးပြု၍ဆေးလိပ်တိုများကိုလည်း စနစ်တကျ စွန့်ပစ်ရမည်ဖြစ်သည်။