တည်သီး(persimmon)ကို တစ်ခါတစ်ရံ sharon fruit ဟုလည်းခေါ်ဆိုကြသည်။တည်သီးတွင် ဆိုဒီယမ်၊မက်ဂနီစီယမ်၊ကယ်လစီယမ်နှင့်သံသတ္တုဓာတ်တို့ပါဿဝင်သည်။ ဗီတာမင်စီဓါတ်ပါဝင်ပြီး အင်တီအောက်ဆီးဒင့်များကြောင့် ကူးစက်ပိုးမှ ဖျားနာခြင်းမဖြစ်ပေါ်စေနိုင်သလိုရောင်ရမ်းနာကျင်မှုများကိုလည်းလျှော့ကျစေသည်။သကြားဓါတ်ဂလူးကို့စ် များစွာပါဝင်သောကြောင့်သွေးကြောစနစ်များ ပိုမိုအားကောင်းစေပါသည်။ ပန်းသီးကဲ့သို့ ဖိုင်ဘာများစွာပါပြီး ဖီနိုလစ်ဒြပ်ပေါင်းများကလည်း နှလုံးရောဂါအတွက်ကောင်းမွန်ပါသည်။တည်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများကိုပုံနှင့်တကွအောက်တွင်ဖော်ပြပေးလိုက်ပါသည်။