၂၀၁၈ ခုနှစ်အတွက် ပြည်ပ မှ မော်တော်ယာဉ် တင်သွင်းခြင်း Model Year သတ်မှတ်ချက်ကို ယခုလ ၁၇ ရက်တွင် မော်တော်ယာဉ် တင်သွင်းခြင်း နှင့် သက်ဆိုင်သော လုပ်ငန်း များ ကြီးကြပ်ရေး ကော် မတီက ထုတ်ပြန်ကြေညာခဲ့သည်။


ကြေညာချက်တွင် ယာဉ်အို/ ယာဉ်ဟောင်း အစီအစဉ် (Consignment စနစ်အပါအဝင်)ဖြင့် တင် သွင်းသည့် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ် များအပါအဝင်)၊ ကုန်တင်ယာဉ် များ နှင့် ခရီးသည်တင် ယာဉ် များကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘယ်မောင်းတစ်မျိုးသာ တင်သွင်း ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။ လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ်ဖြင့် တင်သွင်းသည့် လူစီး မော်တော်ယာဉ် များ(၁၃၅၀ စီစီနှင့်အောက် လူစီး ယာဉ်များအပါအဝင်)ကို ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပြု မည်ဖြစ်ပြီး ကုန်တင်ယာဉ် နှင့်ခရီး သည်တင်ယာဉ်များကို ၂၀၁၄ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း ဘယ်မောင်း ကားများသာ တင်သွင်းခွင့်ပြုမည် ဟု ကြေညာထားသည်။


ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှုအတွက် လူစီး မော်တော်ယာဉ် ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းသုံး ယာဉ် ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခု နှစ်အတွင်း၊ ယန္တရားများကို ၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ မီးသတ် ယာ ဉ်၊ လူနာတင် ယာဉ် နှင့် နိဗ္ဗာန် ယာဉ် တို့ကို ၂၀ဝ၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ သာသနာရေး ဆိုင်ရာ ယာဉ် များကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း၊ ခရီးသည်တင် ယာဉ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းသာ တင်သွင်းခွင့်ပြု မည် ဖြစ်သည်။ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် ပါမစ် လျှောက်ထား မှုများတွင် ယန္တရား များမှအပ ကျန် ယာဉ်များအား ဘယ်မောင်းတင်သွင်း ခွင့်ပေးမည် ဖြစ်သည်။ အစိုးရဌာန များမှ မော်တော်ယာဉ်လျှောက်ထား မှုကို ပုံမှန်လိုင်စင်ဖြင့် မော်တော် ယာဉ် လျှောက်ထားမှုအတိုင်း ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သည်။ သို့ သော် နိုင်ငံတော်အတွက် လှူဒါန်း သည့် မီးသတ်ယာဉ် နှင့် လူနာတင် ယာဉ် များ လျှောက်ထားပါက ၂၀ဝ၄ မိုဒယ်အထိ လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကာ အများပြည်သူ သုံး လမ်းများပေါ်တွင် မောင်းနှင် အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံး ယန္တရား များကို ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် ဖြစ်ပါက လျှောက်ထားခွင့်ပြုမည်ဟု ကြေညာ ထားသည်။