မြင်ဖူးရင်တောင်ကံကောင်း၊ စားဖူးဖို့ဆိုတာဝေးရောလို့ဆိုရမယ့် အဖြူရောင် စတော်ဘယ်ရီသီး တွေပါ။ ဒီ စတော်ဘယ်ရီအဖြူ တွေဟာ ဂျပန် အဆင့်မြင့်သစ်သီးဈေး ထဲမှာရောင်းချနေတဲ့ နှစ်တွေချီနေပါပြီ။ ဈေးထဲမှာ စတော်ဘယ်ရီ အဖြူ မျိုးကွဲတွေအများကြီးရှိပေမယ့် အဲဒီထဲကမှ “အဖြူရောင် ရတနာ” သို့မဟုတ် ShiroiHousekiလို့ ဂျပန် လို့နာမည်ပေးထားတဲ့ အသီးကတော့ အရှားဆုံးနဲ့ ဈေးအကြီးဆုံးပါပဲ။

အဖြူရော င်ရတနာ စတော်ဘယ် ရီအမျိုးအစားကိုယာဆူဟီတိုတယ်ရှီမားဆိုသူကဆာဂါခရိုင်မှာရှိတဲ့ ခြံထဲ မှာလွန်ခဲ့တဲ့ လေးနှစ်ကဖန်တီးခဲ့တာပါ။ ဒီ အသီး ဟာတစ်ကမ္ဘာလုံးဘယ်မှာမှမရှိဘဲသူ့ခြံထဲ မှာသာရှိပါတယ်။ အတွင်းအပြင် ဖြူဆွတ်နေတဲ့ ဒီ အသီး ရဖို့အတွက် စတော်ဘယ်ရီ အမျိုးအစားမြောက်မြားစွာကို မျိုးစပ် ခဲ့ရတယ်လို့သိရပါတယ်။

ပုံမှာမြင်တဲ့အတိုင်းပဲ၊ ဒီ အသီး ဟာဘယ်လောက်တောင်ရှားပါးပြီးတမူထူးခြားနေသလဲဆိုတာကိုတွေ့ရမှာပါ။ ဒီတော့ ဈေးနှုန်းကလည်းအတော်ကိုကြီးပါတယ်။ တစ်လုံး ကို ၁၀ ဒေါ်လာပါတဲ့။ မဆိုစလောက်သာပါတဲ့ ခြင်းသေးသေးလေးတစ်ခြင်းကိုဒေါ်လာ ၄၀ အထိရောင်းပါတယ်။ စတော်ဘယ်ရီသီးအတွက်တော့ ဒီဈေး ဟာအဆမတန်ကိုများတာပေါ့။

Credit : original