အင်တာနက် သို့ Mobile Banking ဒါမှမဟုတ် ဘဏ် အချက်အလက် တွေကို မရိုက်ထည့်ပါနဲ့။


Free Wifi သုံးနေရင်း ကိုယ့် ဘဏ်အကောင့်ကို Mobile Banking နဲ့ ၀င်ကြည့်တာမျိုး ဘဏ်အကောင့်နဲ့ချိတ်ပြီး အွန်လိုင်းကနေ ဈေးဝယ်တာမျိုးတွေက အရမ်း အန္တရာယ်များပါတယ်။ ကိုယ့် အကောင့် ကို ခိုးယူနိုင်ပြီး ကိုယ့် ပိုက်ဆံ တွေကိုလည်း ခိုးထုတ်သွားနိုင်ပါတယ်။

ကိုယ့်ဖုန်းကို Wi-Fi Free Network ကို remember ဖြစ်အောင်မလုပ်ထားပါနဲ့။

Network ကနေ တစ်ဆင့် ကိုယ့်နာမည်၊ကိုယ်ရေးအချက်အလက် စတာတွေကို ယူထားလို့ရပါတယ်။

Antivirus Software ကောင်းကောင်းကို သုံးပါ။


အထူးသဖြင့် ကွန်ပျုတာ နဲ့ သုံးမယ်ဆိုရင် Antivirus Software နောက်ဆုံးပေါ်တွေကို သုံးထားပါ။ ကိုယ့် ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျုတာ တွေ၊ ဖုန်းတွေကို ဟက် (Hack) မယ့် နည်းလမ်းအသစ်တွေက အမြဲလိုလို ပေါ်လာနေလို့ပါဘဲ။ Updated ဖြစ်တဲ့ Antivirus Software တွေက မမှန်ကန်တဲ့ Fake Hotspot Connections တွေကို ချိတ်မိရင် သတိပေးပါတယ်။

စိတ်ချရတဲ့ URL တွေကိုဘဲ သုံးပါ။


Website ရဲ့ လိပ်စာ တွေဖြစ်တဲ့ URL တွေကို ရိုက်ထည့်ရာမှာ https: မှာ “s” ကို မကျန်ခဲ့ဖို့ အရေးကြီးပါတယ်။ https: က http: ထက်ပိုပြီး လုံခြုံမှုရှိပါတယ်။

Credit : original