Lee Su Ryeon ဆိုတာ လက်ရှိမှာ ကိုရီးယားရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်နေပေမယ့် သူမရဲ့ ယခင်တုန်းက အလုပ်အကိုင်ကတော့ တော်တော်လေးကို ထူးခြားနေပါတယ်။ Lee Su Ryeon ဟာ သရုပ်ဆောင်နယ်ပယ်ထဲကို မဝင်ရောက်ခင်မှာ တောင်ကိုရီးယား သမ္မတရဲ့ ပထမဦးဆုံး အမျိုးသမီးကိုယ်ရံတော်အဖြစ် အိမ်ပြာတော်မှာ တာဝန်ထမ်းဆောင်ဖူးခဲ့သူပဲဖြစ်ပါတယ်။ Lee Su Ryeon ဟာ အရွှယ်ရောက်လာကတည်းက ယောကျာင်္းလျှာတစ်ယောက်လို နေထိုင်လာခဲ့သူဖြစ်ပြီး နူးညံပျော့ပျောင်းတဲ့ မိန်းမသားဖြစ်ဖို့ထက် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကို လိုလားတဲ့သူ ဖြစ်ချင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Lee Su Ryeon ဟာ ငယ်ရွှယ်စဉ်ကတည်းက ဘက်စုံသုံး ကိုယ်ခံပညာကို လေ့လာဆည်းပူးခဲ့ပြီး အတော်လေးကို တတ်ကျွမ်းတဲ့အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။
ဒီလိုနဲ့ အလုပ်ဝင်ရမယ့် အရွှယ်ကို ရောက်လာချိန်မှာတော့ Lee Su Ryeon ဟာ သမ္မတရဲ့လုံခြုံရေးကို တာဝန်ယူရသူအဖြစ် ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ကိုရီးယးသမ္မတရဲ့ ပထမဆုံး အမျိုးသမီးကိုယ်ရံတော်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ ကိုယ်ရံတော် Lee Su Ryeon ဟာ ကိုရီးယားသမ္မတသုံးဦးအပါအဝင် ဂျပန်ဝန်ကြီးချုပ် Abe ၊ အမေရိကန်သမ္မတ ဂျော့ဘုခ်ျနဲ့ အခြားနိုင်ငံများမှ တော်ဝင်မိသားစုရဲ့ လုံခြုံရေးအပိုင်းတွေကိုပါ တာဝန်ယူပေးခဲ့ဖူးသူဖြစ်ပါတယ်။
ဒီလို နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးအပိုင်းကို တာဝန်ယူဆောင်ရွှက်ခဲ့ပေမယ့် ရုပ်ရည်ပြေပြစ်မှုရှိတာကြောင့် Lee Su Ryeon ကို အာရပ်စော်ဘွားမင်းသားတစ်ဦးက လက်ထပ်ပြီး စော်ဘွားမင်းသမီးအဖြစ် တင်မြှောက်ဖို့အထိပါ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Lee Su Ryeon က မက်လောက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး သူဆယ်စုတစ်ခုလောက် လုပ်ကိုင်ခဲ့တဲ့ သမ္မတလုံခြုံရေးအလုပ်ကို အနားယူကာ ရုပ်ရှင်နယ်ပယ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ အခုတော့ သူမဟာ ဆယ်နှစ်လောက်ဝတ်ခဲ့တဲ့ အနက်ရောင်အဝတ်အစားများကို အနားပေးခဲ့ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်ရှေ့တော်မှောက် လှပစွာ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။
Myanmar Forward