အလှမယ် ရွှေအိမ်စည်ကတော့ Miss Universe Myanmar Orginazationရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေကို တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။


တရားစွဲဆိုမှုကိုတော့ ယခင်ထဲက ပြုလုပ်မယ်လို့ ရွှေအိမ်စည်ပြောထားတဲ့အတိုင်း တရားစွဲဆိုလိုက်တာ ဖြစ်ပြီး နိုဝင်ဘာပထမပတ်ထဲမှာ စတင်အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။

play



တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ရွှေအိမ်စည်က" ဟုတ်ကဲ့။ညီမတို့ဘက်က တရားစွဲဆိုထားတယ်ဆိုတယ်အမှန်ပါပဲရှင့်။ ရှေ့နေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ အခုလက်ရှိ ပြောပြနိုင်တာကတော့ တရားစွဲဆိုထားတယ်ဆိုတာပါပဲ။


ညီမတို့အနေနဲ့ကတော့ စလိုက်ပြီဆိုကတည်းက အဆုံးထိ လုပ်သွားဖို့ စဉ်းစားထားပါတယ်" ဆိုပြီးတော့ Duwun Media က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းကလည်း ယခုလို ရေးသားထားပါသေးတယ်။


"တရားစွဲဆိုတဲ့အခါမှာ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ပြီး လေးစားမှု ရှိဖို့ လိုပါတယ်။ လူမှုရေး နယ်ပယ်မှာ ဘယ်သူက မတရားလုပ်တယ် ဆိုတာ သိသာထင်ရှားပြီး ဝေဖန်မှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊နောက်ပြီးအမှန်၊ အမှား အငြင်း ပွားစရာ မလိုအောင် အများအမြင်မှာ ထင်ရှားနေပါစေ၊


တရားစွဲတဲ့ အခါမှာတော့ ရာဇဝတ်ကြောင်းအရ တရားခံသည် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ထိရောက် ဟန့်တားလောက်အောင် စီရင်ချက် အမိန့် ချမှတ်တဲ့ အထိ စောင့်ဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။


ဒါကြောင့် တရားစွဲဆိုမှုနှင့် ပတ်သက်တဲ့ ဘယ်လို မေးခွန်းမျိုးကိုမှ တရားခံအပေါ် ရုံးတော်က စီရင်ချက် မချခင် မှတ်ချက်ပေး ဖြေကြားပေးမှာ မဟုတ်ကြောင်း နားလည်ပေးစေချင်ပါတယ်။


ကျေးဇူးတင်ပါတယ်။


ရွှေအိမ်စည်" က ဆိုပါတယ်။

play



တရားစွဲဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး Miss Universe Myanmar Orginazationရဲ့ National Directorဖြစ်သူ ဒေါ်စိုးယုဝေကို Duwun Media က ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူးလို့ ဆိုပါတယ်။


Miss Universe Myanmar အဖွဲ့အစည်းက အလှမယ် ရွှေအိမ်စည်အား Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမည့် အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့က ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး အလှမယ် ရွှေအိမ်စည်ကလည်း နာရီပိုင်းလေက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။


လက်ရှိမှာတော့ ရွှေအိမ်စည်ဟာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိပါတယ်။




Photo : စိုးယုဝေ ဖေ့စ်ဘွတ်၊ ရွှေအိမ်စည်ဖေ့စ်ဘွတ်