ရန်ကုန် တက္ကသိုလ်၏ ၂၀၁၇- ၂၀၁၈ ပညာ သင်နှစ်၏သင်တန်းအသီးသီးကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖွင့်လှစ် ရန်ကြေညာထားပြီး သတ်မှတ်ချိန် အတွင်းကျောင်း အ ပ်နြှံ ပီး ကျောင်း ခေါ် ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီရန် နှင့် သင်တန်းချိန်များကို အချိန်မီ တက်ရောက်ရန် ကြေညာ ထား ကြောင်းသိရသည်။ ရန်ကုန်တက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် (ဥပဒေပညာ)၊ ပထမနှစ်မှ တတိ ယနှစ်အထိ ဂုဏ်ထူးတန်းများ၊ မဟာ အရည်ချင်းစစ် သင်တန်းများ၊ ပထမနှစ်၊ ဒုတိယ နှစ်မဟာသင်တန်း များကို ဒီဇင်ဘာ ၁ ရက်တွင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းဝင်မှတ် ပုံတင်ခြင်းကို နိုဝင်ဘာ ၂၃ ရက် မှစတင်ပြီး ဒီဇင်ဘာ ၁၅ ရက် အထိ ပြု လုပ်နိုင်ကြောင်း၊ ပထမနှစ် ဒီပ လိုမာ၊ ဒုတိယနှစ်ဒီပလိုမာ၊ ဒုတိယ နှစ် မဟာသင်တန်းများ၊ မဟာသု တေသန သင်တန်းများကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ် ပြီး ပထမနှစ်(ထူးချွန်)သင်တန်း များကို ဒီဇင်ဘာ ၄ ရက်မှစတင် ဖွင့်လှစ် မည်ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး ဒီဇင်ဘာ ၁၅ ရက် အထိ ကျောင်းဝင်မှတ်ပုံတင်ခြင်းများ ကို ဆောင်ရွက်နိုင် မည်ဖြစ် ကြောင်း ရန်ကုန်တက္ကသိုလ်မှ သိ ရသည်။

သင်တန်းအားလုံး၏ကျောင်း ၀င်မှတ်ပုံတင်ခြင်းများကို သတ် မှတ်အချိန်များအတွင်းဆောင် ရွက်ရမည်ဖြစ်ပြီး ကျောင်းခေါ် ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီစေရန် အတွက် ကျောင်းတက်ရမည်ဖြစ် ကြောင်း၊သတ်မှတ်ကျောင်းခေါ် ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီခြင်းမရှိ ပါက စာမေးပွဲဝင်ရောက်ဖြေဆို ခွင့် ပေးမည်မဟုတ်ကြောင်း သိရသည်။
"ဒီနှစ်ဝင်ခွင့်ရတဲ့ကလေးတွေ က ဒီကျောင်းတက်မယ်ဆိုရင် ဒီ ကျောင်းရဲ့စည်းကမ်းသတ်မှတ် ချက်တွေကိုပိုပြီးလေးစားလိုက်နာ ကာသတ်မှတ်အချိန်တွေအတွင်း ကျောင်းအပ်နှံပြီး ကျောင်းတက်ရ မှာပါ။ ကျောင်းလည်းလာမအပ် ဘူး။ ကျောင်းလည်း မတက်ဘူးဆို ရင် သင်တန်းဝင်ခွင့်ရတဲ့အထဲက နေပယ်ဖျက်မှာပါ " ဟု ရန်ကုန် တက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြား သည်။
ATK/Democracytoday