မကြာမီ ရုံတင်ပြသမည့် ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားသည် ဒုတိယမြောက်ရိုက်ကူးသည့် ဇာတ်ကားဖြစ်သော်လည်း ပိတ်ကားပေါ်တွင် ပြသမည့်ပွဲဦးထွက် ဇာတ်ကားဖြစ်သောကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေကြောင်း သရုပ်ဆောင်မိုးစက်ဝိုင်က ပြောသည်။ ‘‘မိုးစက်ရဲ့ ကာရိုက်တာက စိန်ခေါ်မှုများတယ်။ ကိုနေတိုးနဲ့ မောင်လေးရွှေထူးက မိုးစက်နဲ့ အ ရမ်းရင်းနှီးတယ်။ ကိုနေတိုးက လည်း ဖေးမတွဲခေါ်တယ်။ ကိုသားညီကလည်း တကယ်ကို စိတ်ရှည် တယ်။ ရွှေထူးနဲ့ကလည်း အရမ်း ခင်တော့ ဒီကားရိုက်တဲ့အချိန်မှာ ပျော်ခဲ့တယ်။ အဓိကကတော့ မိုးစက်ရဲ့ ပရိသတ်ကြီးအတွက် ကြိုးပမ်းပေးထားတာပေါ့။ ဒီကား ကိုကြည့်ပြီးလည်း ဝေဖန်ပေးကြ ပါ။ အကြံပေးကြပါဦးလို့ ပြော ချင်ပါတယ်’’ဟု ၎င်းက ပြော သည်။ အဆိုပါဇာတ်ကား နမူနာကို အွန်လိုင်းတွင်တင်ထားရာ ၎င်း၏ သရုပ်ဆောင်မှုနှင့်ပတ်သက်၍ အားပေးမှုများရှိသလို ဝေဖန်မှု များလည်း ကြုံတွေ့နေသည်။


‘‘မိုးစက်က ဝါရင့်သရုပ် ဆောင်တစ်ယောက်မဟုတ်သလို ငိုတာ ဘာညာကလည်း အပြင် လောကမှာ မိုးစက်သိပ်မငိုဖြစ် ဘူး။ ရုပ်ရှင်ရိုက်တဲ့အခါမှာ သုံး၊ လေး၊ ငါးခါ ငိုရတာဖြစ်တဲ့အ တွက် Actor တွေ တော်တော်ပင် ပန်းတယ်ဆိုတာ နားလည်သွား တယ်။ မိုးစက်တို့အပြင်မှာဆို ဝမ်း နည်းစရာတစ်ခုရှိရင် ဖျောက်ပစ် ရမယ်။ မိုးစက်လည်း ဖျောက်ပစ် တာ အကျင့်အရမ်းပါနေပြီ။ အဲဒါ လေး အခက်အခဲရှိတယ်။ ငိုရတဲ့ အခန်းဆိုရင် အကြာကြီးငိုရလို့ မိုးစက်ကြောက်တယ်’’ဟု ၎င်းက ပြောသည်။ ဝါရင့်သရုပ်ဆောင်ဖြစ် သည့် နေတိုးနှင့် တွဲဖက်သရုပ်ဆောင်ရသည့် ဇာတ်ဝင်ခန်းများ၌ သရုပ်ဆောင်မှုနှင့်ပတ်သက် သည့်အထာများ မသိသော ကြောင့် ကမောက်ကမဖြစ်ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုနေတိုးနဲ့ သရုပ်ဆောင် ရင် သူက ဝါရင့်သရုပ်ဆောင်ဖြစ် တဲ့အတွက် ဘယ်လိုလုပ်ရမလဲ သိတယ်။ မိုးစက်က မသိတဲ့အ တွက် သူပြောနေရင်း မပြီးသေးဘဲ မိုးစက်က ဝင်ဝင်ပြောမိလို့ ကိုနေ တိုးကတောင် တားယူရတယ်။ နောက်ပိုင်းမှာတော့ ဘယ်လိုမျိုး သွားရလဲဆိုတာက ကိုယ်ကသိ လာပါတယ်။ ရုပ်ရှင်တစ်ဝက် လောက်ကျမှ သဘောပေါက်လာ တဲ့အတွက်အရှေ့ပိုင်းကို အားမရ ဘူး။ ဒါပေမဲ့ နောက်ပိုင်းအားရ လားဆိုတော့လည်း ပြန်ကြည့်ရင် တော့ အားမလိုအားမရဖြစ်တာ တွေရှိတယ်’’ဟု သရုပ်ဆောင်မှုနှင့်ပတ်သက်၍ မိုးစက်ဝိုင်က ပြောသည်။

အဆိုပါဇာတ်ကားတွင် မိတ်ကပ်နှင့် အဝတ်အစားကို အဓိကပြင်ဆင်ရပြီး ဇာတ်ကားမရိုက်ကူး မီ ဒါရိုက်တာသားညီ၊ ရွှေထူးနှင့် ကင်မရာ အကြိုစမ်းသပ်မှုများစွာ လုပ်ပြီးမှ ရိုက်ကူးခြင်းဖြစ်သည်။

‘ပက်ပက်စက်စက်ညှို့’ ရုပ် ရှင်ဇာတ်ကားသည် ၎င်းရိုက်ကူးခဲ့ သည့် ဒုတိယမြောက်ဇာတ်ကား ဖြစ်ပြီး စိန်ဌေးထုတ်လုပ်ရေးနှင့် မင်းသားပြေတီဦး၊ မင်းမော်ကွန်း တို့ ပါဝင်သော ‘သတ္တိရှိရင် လောင်းမလားဟု’အမည်ရှိ ဇာတ်ကားသည် ၎င်းရိုက်ကူးသည့် ပထမဆုံးဇာတ်ကားဖြစ်သည်။

ခင်ဆွေသက်