အီတလီနိုင်ငံမှာ ယူရိုငွေ(၂၈)သန်းကျော်တန်းဖိုးရှိတဲ့ အရည်အသွေးမြင့် ငွေစက္ကူအတုအရွက်ရေ(၉)သိန်းကျော်ကိုသိမ်းဆည်းရမိခဲ့ပြီး၊ သံသယဖြစ်ဖွယ် ငွေစက္ကူအတုပြုလုပ်သူ(၁၃)ဦးကို အီတလီရဲတွေက ဖမ်းဆီးခဲ့တယ်လို့ နိုဝင်ဘာလ (၁၃)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရိုမေနီးယားမှာတစ်ခု အပါအ၀င်ဖြစ်တဲ့ မြေအောက်ပုံနှိပ်စက်သုံးခုကို စုံစမ်းစစ်ဆေးစဉ်အတွင်း ငွေစက္ကူအတုလုပ်ရာမှာ လိုအပ်တဲ့စာရွက်တွေ စက်ပစ္စည်းကိရိယာတွေ တပ်ဆင်ထားတာကိုတွေ့ရှိခဲ့ပါတယ်။ ယူရို(၂၈)သန်းကျော် တန်ဖိုးရှိတဲ့ငွေစက္ကူအတု(၁၀)တန်၊(၂၀)တန်နဲ့(၅၀)တန်ငွေစက္ကူအတု စုစုပေါင်း ယူရို (၉၃၉,၇၇၅)ကျော် သိမ်းဆည်းရမိခဲ့ပြီး၊ တရားခံ(၁၃)ဦးကို လက်ရဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ငွေစက္ကူအတုလုပ်တဲ့ ဂိုဏ်းခေါင်းဆောင် နှစ်ဦးဟာငွေစက္ကူ အတုပြုလုပ်ရာမှာ ၀ါရင့်အတွေ့အကြုံတွေရှိထားပြီး၊ အီတလီနိုင်ငံတောင်ပိုင်း နေပယ်လ်မြို့သားတွေ ဖြစ်တယ်လို့ ရဲကဆိုပါတယ်။

အဲဒီသူတွေကရိုမေးနီးယားမှာနေတဲ့ အီတလီနိုင်ငံသားတွေနဲ့ ချိတ်ဆက်ပြီး၊ ငွေစက္ကူအတုလုပ်တဲ့ ပုံနှိပ်စက်တွေတည်ထောင်နေတာလို့ သံသယရှိနေပါတယ်။ သံသယရှိသူတွေဟာ ငွေစက္ကူအတု ပုံနှိပ်စက်လို့မထင်ရတဲ့ အဆောက်အအုံတွေကို အသုံးပြုခဲ့ပြီး၊ နေရာတစ်ခုမှာ(၁၀)ရက်ကနေ(၁၅)ရက်လောက်သာနေပြီး၊ ငွေစက္ကူအတုတွေကိုပုံနှိပ်ခဲ့တာဖြစ်ကြောင်း နိုဝင်ဘာလ(၁၄)ရက် Channel News Asia သတင်းမှာဖော်ပြ ထားပါတယ်။

Central News Bureau