နိုဝင်ဘာလ ၁၂ရက်နေ့ ညနေ ၆နာရီခွဲ အချိန်ခန့်က မန္တလေးတောင်တက်လမ်း အစမုခ်ဦးနား၌ အမျိုးတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ် က ပိုက်ဆံအိတ် လုယူခံလိုက်ရသည်။ ဆိုင်သိမ်းပြီး နေအိမ်သို့ ပြန်အလာ လမ်းခုလတ်တွင် လုယူခံလိုက်ရခြင်းပြီး၊ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ရှေ့ ညှပ်ကလစ်၌ညှပ်ထားသည်ဟု ဆိုသည်။ ပိုက်ဆံအိတ်လုယူခံလိုက်ရသည့် အမျိုးသမီးက အစပိုင်းတွင် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့သေးသည်။

လုယူသွားသူက ဆိုင်ကယ်ကို အမြန်မောင်းသွားသဖြင့် သူမကိုယ်တိုင် အမြန်လိုက်ကာ နောက်မှဝင်တိုက်လိုက်ပြီး ပိုက်ဆံအိတ်ကို ပြန်လည်ရယူနိုင်ခဲ့သည်။
အရှိန်ပြင်းပြင်းနှင့် နောက်မှဝင်တိုက်လိုက်၍ ဆိုင်ကယ် ၂ စီးလုံးလဲကျသွားစဉ် ပတ်ဝန်းကျင်အကူအညီဖြင့် ပိုက်ဆံအိတ် လုယူခဲ့သူကို ဖမ်းဆီးနိုင်ခဲ့သေးသည်။
လုယူသူမှာ အသက် (၁၉) နှစ်အရွယ်သာ ရှိသေးပြီး၊အောင်မြေသာစံမြို့နယ် ထဲနေသူ ဖြစ်သည်။
လက်ရှိတွင် ၎င်းကို အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၃၂၆/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ အရအမှုဖွင့် အရေးယူထားပြီး၊အခြားပြစ်မှုများကျူးလွန်ခြင်း ရှိ/မရှိ ကိုပါ စစ်ဆေးနေသည်ဟု သိရသည်။
Popular