မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ဘုန်းကြီး ကျောင်းအတွင်းတစ်နေရာ၌ပုံ ထားသည့် မြေစာပုံတွင်းမှ သေ နတ်ဟောင်းနှစ်လက်ကို နိုဝင်ဘာ ၁၄ ရက်နံနက် ၁ဝ နာရီခန့်က တွေ့ ရှိခဲ့ကြောင်း မဟာအောင်မြေမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ''နဒီမြောင်းထဲက နုန်းတွေ ကိုစည်ပင်က မြောင်းဆည်တဲ့အခါ မြေစာတွေကို ဘုန်းကြီးကျောင်းထဲဖို့ပေးနေတာ။ မြေစာပုံကပုံ ထားတာကြာပြီ။ အခုမှအဲဒီမြေစာပုံထဲကနေ သေနတ်နှစ်လက်တွေ့တာပါ။ သေနတ်တွေကတော့ မြေစာပုံထဲမှာရှိတာကြာပြီဖြစ်လို့ ဆွေးနေပြီးသုံးမရဘူး''ဟု မဟာ အောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင်က ပြော ကြားသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေ မြို့နယ် ၃၇၊ ၃၈ လမ်း ၆၂၊ ၆၃ လမ်းရန်အောင်မြင်ကံလှ ဘုန်းကြီး ကျောင်းအတွင်း ပြင်ပမှသယ်ဖို့ ထားသောမြောင်းမြေစာပုံအတွင်း၌ သေနတ်တွေ့ရှိကြောင်း သတင်းပေးတိုင်ကြားချက်ကြောင့် သက်ဆိုင်ရာမှသွားရောက်စစ် ဆေးခဲ့ရာ ပွိုင့် ၃၂ သေနတ်တစ် လက်နှင့်သေနတ်အတွင်းကျည် ခြောက်တောင့်ကျည်အိမ်အတွင်း မှ ခြောက်တောင့်ပေါင်း ၁၂ တောင့် No.1 လေသေနတ်တစ်လက်နှင့် ကျည်ဘူးနှစ်ဘူးတို့ကိုတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
MTK