နည်းပညာတက္ကသိုလ်(သန်လျင်)မှ ကျောင်းသားများကို သီလ၀ါစက်မှုဇုန်ရှိ ဂျပန်ကုန်ထုတ်လုပ်မှုနည်းပညာအကြောင်းအား ဂျပန်နိုင်ငံမှ အခမဲ့သင်ကြားပို့ ချပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက သီလ၀ါစက်မှုဇုန်ရှိ ဂျပန်လုပ်ငန်းများမှာ အလုပ်သင်ဝန်ထမ်းအဖြစ်လက်ခံသွားဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းကို နည်းပညာတ္ကသိုလ်(သန်လျင်)မှ မေဂျာ ၄ခုရှိ ကျောင်းသား ၅၀ ကို သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလ (၁၅) ရက်သတ်မှတ်ထားကြောင်း နည်းပညာတက္ကသိုလ်(သန်လျင်)ပါမောက္ခချုပ် ကပြောသည်။ ” စီမံကိန်းအနေနဲ့ လုပ်တာပါ ၃ နှစ်ပေါ့ ။၂၀၁၉ မှပြီးမှာပါ။ တစ်နှစ်ကို ကျောင်းသားကျောင်းသူဦးရေ ၅၀ ရွေးချယ်ပြီးတော့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စီမံကိန်းပြီးသွားရင်တော့ ၁၅၀ လေ့ကျင့်သင်ကြားပေးပြီးဖြစ်သွားပါမယ် ” ဟု၎င်းကပြောသည်။

သင်တန်းကို ဂျပန် အစိုးရ၏ အာဆီယံ ဂျပန်စီးပွားရေး ၀န်ကြီး များနှင့် စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ပုးပေါင်းဆောင်ရွက်မှုကော်မတီ ( AMEICCA) မှ ဘတ်ဂျတ်ငွေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ ပင်လယ်ရပ်ခြားကျွမ်းကျင်မှုဆိုင်ရာ လူ့ စွမ်းအားအရင်းအမြစ်နှင့်စက်မှုလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ (AOTS ဂျပန်ရုံးချုပ်) မှ ဂျပန်ကုန်ထုတ်မှုနည်းပညာ၊ဂျပန်ကုမဏီများတွင်လိုအပ်သည့် စီးပွားရေးဆိုင်ရာအမူအကျင့်များသင်ခန်းစာများကို သင်ကြားပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးကပြောသည်။
ကျောင်းသားများကို ထူးချွန်ထက်မြတ်ပြီး ဂျပန်စက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန်စိတ်ပါဝင်စားလိုသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းရွေးချယ်မခံရသော အခြားကျောင်းသားကျောင်းသူများကိုပါ ဆင့်ပွားသင်တန်းများပေးနိုင်ရန် ဆရာ၊ဆရာမများကိုပါလေ့လာသင်ကြားစေမည်ဟု ပါမောက္ခချုပ် ကဆိုသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(သန်လျင်)တွင် ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး၊ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပါမောက္ခချုပ်၊ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။

Credit : original