ယခုနှစ် အာရှနိုင်ငံတ ကာအကောင်းဆုံးကစားသမား ဆုအတွက် ယခင်က ယင်းဆုရ ရှိခဲ့သော တောင်ကိုရီးယားမှ ဆွန်ဟွမ်မင်၊ ဂျပန်မှ ရှင်ဂျိကာဂါဝါ နှင့် သြစတြေးလျတက်သစ်စ ကြယ်ပွင့် အေရွန်မိုရီတို့ ရွေးချယ်ခံရ သည်။


အာရှအကောင်းဆုံးနည်းပြ ဆုစာရင်းတွင် သြစတြေးလျနိုင်ငံ ကို ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပို့ဆောင်နိုင်ခဲ့သော လက်ရွေးစင် အသင်းနည်းပြ အန်ဂျီပိုစတီကိုဂ လူလည်း ပါဝင်သည်။


ကွင်းလယ်လူ အေရွန်သည် သြစတြေးလျ၏ ကမ္ဘာ့ဖလားခြေ စစ်ပွဲနှင့် ဟတ်ဒါဖီးလ် ပရီးမီး ယားလိဂ်တန်းတက်ရာတွင် အဓိ ကနေရာမှ ပါဝင်ခဲ့သည်။


၂၀၁၂ အကောင်းဆုံးဆုရှင် ကာဂါဝါသည်လည်း ဂျပန်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ် ပွဲများနှင့် ကလပ်အသင်း ဒေါ့မွန်တွင် ခြေစွမ်းပြနေသူဖြစ်သည်။ ၂၀၁၅ ဆုရှင် ဆွန်ဟွမ်မင်သည် ပရီးမီးယားလိဂ်ထိပ်သီး စပါးအ သင်း၏ ကြယ်ပွင့်ဖြစ်သည်။



ပိုစတီကိုဂလူသည် ဂျပန် နည်းပြ နှစ်ဦးနှင့်အတူ အကောင်း ဆုံးနည်းပြ ဆန်ခါတင်သုံးဦး တွင် ရွေးချယ်ခံရပြီး ၎င်းတို့သည် ၂၀၁၆ ဂျေလိဂ်ချန်ပီယံ ကာရှီမာ အန်လောအသင်းနည်းပြ အီရှီမာဆာတာဒါနှင့် ၂၀၁၆ ဂျေလိဂ်ဖလားချန်ပီယံ အူရာဝါရက်ဒ်ဒိုင် မွန်းအသင်းနည်းပြ တာကာဖူမီ အိုရီတို့ဖြစ်သည်။


အာရှအခြေစိုက်အကောင်း ဆုံး ကစားသမားဆုအတွက် တရုတ်မှ ဝူလိုင်၊ ဆီးရီးယားမှ အိုမာဂရီဘင်နှင့် ယူအေအီးမှ အို မာအဗ္ဗဒူမန်အယ်လ်အာမူဒီတို့ ကို ရွေးချယ်ထားသည်။


အကောင်းဆုံးဆုရရှိသူများ ကို နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာမည်ဟု အာရှဘောလုံး အဖွဲ့ချုပ်က ပြောသည်။


—Ref:AP