စောဂေါ်မူတိုနှင့် ထိုင်းမွေလက်ဝှေ့သမားဆစ်မန်းနီးတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၆ ရွှေခါး ပတ်ချန်ပီယံ စောဂေါ်မူတိုနှင့် ၂၀၁၆ ထိုင်းမွေလက်ဝှေ့ချန်ပီယံ ဆစ်မန်းနီးတို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့သော်လည်း ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်က ရန် ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည့် စိန်ခေါ်ပွဲကို တွဲဆိုင်း ခုနစ်ဆိုင်းဖြင့် ကျင်းပခဲ့သည်။ သုံးချီအထူးစိန်ခေါ်ပွဲအဖြစ် အမျိုးသမီးတွဲဆိုင်းတစ်ဆိုင်း ပါဝင်ကာပွဲစဉ်ငါးပွဲ သရေဖြစ်ပြီး နှစ်ပွဲ အနိုင်အရှုံးပေါ်ခဲ့သည်။

သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် စောဂေါ်မူတိုနှင့် ဆစ်မန်းနီးတို့ ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်ထိုးသတ်နိုင်ခြင်း ကြောင့် ပရိသတ်အကြိုက်တွေ့ခဲ့ ကာ ပွဲကောင်းတစ်ပွဲဖြစ်သော် လည်း ငါးချီပြည့်သည်အထိ အလဲ မထိုးနိုင်သဖြင့် သရေဖြစ်ခဲ့သည်။

ထိုင်းမွေလက်ဝှေ့ လုံပနီချန် ပီယံ သုံးကြိမ်ဆက် ရရှိထားသည့် ဒွန်ဆန်ပေါင်က ၂၀၁၇ ရွှေခါး ပတ်ချန်ပီယံ သွေးသစ်အောင်ကို အသာစီးရယူနိုင်ခဲ့သော်လည်း ငါးချီပြည့်သည်အထိ အလဲမထိုး နိုင်သောကြောင့် ပူးတွဲသရေဖြစ်ခဲ့သည်။ ထို့အပြင် စောဖိုးခွားနှင့် လာအိုလက်ဝှေ့သမား မွေထိုင်း ချန်ပီယံ ပတ်မွန်ချွန်းတို့ပွဲတွင် ငါးချီမြောက်၌ စောဖိုးခွားက ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့ခြင်း ကြောင့် ဆရာဝန်က ဆက်လက် ထိုးသတ်ခွင့်မပြု၍ စောဖိုးခွား ရှုံးနိမ့်ခဲ့သည်။

အခြားပြည်တွင်း တွဲဆိုင်း များတွင် ၂၀၁၇ ရွှေခါးပတ်ချန်ပီ ယံ ရန်နိုင်ထွန်းက မင်းထက်ကျော် ကို သုံးချီမြောက်တွင် အလဲထိုး ဖြင့် အနိုင်ရရှိပြီး စိုးဝင်းထွန်းနှင့် ပြည်နယ်နှင့် တိုင်းရွှေတံဆိပ်ရှင် ခွန်အာကာ၊ ၂၀၁၇ ရွှေခါးပတ် ချန်ပီယံ သပြေအောင်နှင့် ပြည် နယ်နှင့်တိုင်း ရွှေတံဆိပ်ရှင် သိန်း စိုးတို့ပွဲစဉ်များသည် ပူးတွဲသရေ ဖြစ်ခဲ့သည်။ အမျိုးသမီး သုံးချီစိန်ခေါ်ပွဲအဖြစ် နော်ဥမ္မာစိုးနှင့် စုလှိုင်နှင်းတို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ ပြီး ပူးတွဲသရေဖြစ်ခဲ့သည်။

Byချစ်ဝိုင်း