၂၀၁၀ ပြည့်နှစ်က စပြီး အစဉ်အလာမပြတ် ကျင်းပလာတဲ့ ဘားကမ့်ရန်ကုန်ကို ၉ ကြိမ်မြောက်အဖြစ် လာမယ့် ဇန်နဝါရီလ ၂၇ နဲ့ ၂၈ (စနေ ၊ တနင်္ဂနွေ) နှစ်ရက်တာ ကျင်းပသွားတော့မယ်လို့ သိရပါတယ်။

နဝမအကြိမ်မြောက် BarCamp Yangon 2018 ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ ၊ MICT Park ၊ Main Building မှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပြီး နည်းပညာနဲ့ ဗဟုသုတအသစ်များ ၊ အကြောင်းအရာသစ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်သွားမှာပါ။ ဘားကမ့်ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ဆွေးနွေးသူနဲ့ ဆွေးနွေးစရာ အကြောင်းအရာတို့ ကို အများဆုံး ဆွေးနွေးရာ ပွဲတစ်ပွဲဖြစ်ပြီး ၂၀၁၈ ခုနှစ် ဘားကမ့်ရန်ကုန်မှာတော့ Theme Design ပြိုင်ပွဲတစ်ရပ်ပါ ထည့်သွင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဘားကမ့်ရန်ကုန်အတွက် Theme ကတော့ Awesome Yangon နာမည်နဲ့ ဖြစ်ပြီး ဒီပွဲအကြောင်း အသေးစိတ်စုံစမ်းလိုပါက www.facebook.com/barcampyangon ကနေ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Credit : original