သင်တန်းတစ်ခုကို လူဦးရေ သုံးဆယ်အထိ အများဆုံး လက်ခံတယ်။

မန္တလေး၊ နိုဝင်ဘာ ၁၉ – နိုင်ငံခြားဘာသာရပ် ဘာသာစကားတွေအပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ အခမဲ့သင် ကြားပေးတဲ့ သင်တန်းကျောင်းမန္တလေးမြို့မှာ ရှိပါတယ်။

အဲသည်ကျောင်းဟာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း၊ မြဝတီမင်းကြီးလမ်းထောင့်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေး ခရိုင်လူမှုအခြေပြုဗဟိုဌာနက ဖွင့်လှစ်ထားတဲ့ community cente မှာပါ။
နိုင်ငံခြားဘာသာရပ်၊ ဘာသာစကားတွေအပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးတဲ့ community cente မှာ ရက်တိုသင်တန်းနဲ့  ရက်ရှည် သင်တန်းဆိုပြီး သင်တန်းအမျိုးအစားတွေ ခွဲခြားထားပါတယ်။ရက်တိုသင်တန်းအမျိုးအစားမှာတော့ ပန်းအလှဆင်သင်တန်း၊ လက်မှုပညာတွေဖြစ်တဲ့ ဇာထိုးပန်းထိုးတွေ ဖြစ်ပါတယ်။

ရက်ရှည်သင်တန်းမှာတော့ သုံးလခန့်အထိ သင်ကြားရတဲ့ အင်္ဂလိပ်၊ဂျပန် စကားပြောနဲ့ ကွန်ပြူတာသင်တန်းတွေပါဝင်ပါတယ်။ မန္တလေးတိုင်း၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝေက “center မှာရှိနေတဲ့ လူငယ်၊လူကြီးပိုင်းတွေ ဒီစင်တာကနေ ပညာတွေ ရသွားမယ်၊ပြန်လည်အသုံးချမယ်၊ အဲဒါတွေ ဖြစ် စေချင်တယ်၊ ငွေကြေးမတတ်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူတွေ၊ ဝန်ထမ်းတွေအတွက် စနေ၊တနင်္ဂနွေနေ့မှာ ဦးစားပေး ပြီး လုပ်ပေးတာ၊ အပြင်မှာ ဆယ်တန်းအောင်ပြီး လေနေတဲ့ကလေးမျိုး ရှိမယ်၊ ယောင်ဝါးဝါးဖြစ်နေမယ်ထက်စာရင် ကွန်ပျူတာတက်လို့ရတယ်၊ သူတို့အတွက်အထောက်အကူဖြစ်တယ်”လို့ ပြောပါတယ်။

သည်စင်တာကို ယခုနှစ်စက်တင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်လှစ်ခဲ့တဲ့ချိန်ကစပြီး နိုင်ငံခြား ဘာသာရပ်၊ ဘာသာစကားတွေ၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းတွေအပြင် ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေကိုပါ လက်ခံကျင်းပခွင့်တွေ ပြုလုပ် ပေးတာဖြစ်ပါတယ်။

Community Center မှာ သင်တန်းတွေကို တက်ရောက်ဖို့ အတွက် အသက်အရွယ်၊ ပညာအရည်အချင်းမကန့်သတ် ထားပေမဲ့ သင်တန်းတစ်ခုကို လူဦးရေ သုံးဆယ်အထိ အများဆုံး လက်ခံတယ်လို့ ဆိုပါတယ်။
“ကျောင်းသားတွေများတယ်၊ ဆယ်တန်းအောင်တွေ၊ ပြင်ပမှာကျောင်းဆက်မတက်တော့တဲ့ အလုပ်လုပ်နေတဲ့သူတွေလာ(လက်ရှိသင်တန်းတက်ရောက်သူ) တယ်၊ စာရွက်စာတမ်းကြေးကအစ အခမဲ့ သူတို့အတွက် အဆင်ပြေသွားစေချင်တာ အဲ့ဒါကြောင့် ဒီလိုသင်တန်းတွေ ဖွင့်ပေး ဖြစ်တာ၊ သင်တန်းတွေမှာ လူဦးရေ ၂၀၊ ၃၀ တွေရှိတယ်”လို့ ဒေါ်သန်းသန်းဝေက ပြောပါတယ်။

လူဦးရေကန့်သတ်

သင်တန်းတက်ရောက်ဖို့အတွက်ကို လူဦးရေကန့်သတ်ထားတယ်။ သင်တန်း တစ်ခုကို အများဆုံးလူဦးရေ ၃၀ အထိသာ လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။ သင် တန်းသုံးပစ္စည်းတွေနဲ့ စာရွက်စာတမ်းက အစ အခမဲ့သုံးစွဲခွင့် ရှိတယ်။
ဖုန်းအရောင်းအဝယ်ဆိုင်မှာ အလုပ် လုပ်နေတဲ့ မသူဇာက ¯ကိုယ့်လိုဝန်ထမ်း တစ်ယောက် အတွက်တော့ အခုလိုအခမဲ့ သင်တန်းတွေရှိတော့ အဆင်ပြေတယ်၊ နယ်ကနေဒီမှာလာနေရတော့ အဆောင် ကြေးလဲ ပေးရတော့ သင်တန်းတက်ဖို့ အဆင်မပြေခဲ့ဘူး၊ အခုလို အလုပ်လုပ်ရင်း ကိုယ် တက် ချင် တဲ့သင် တန်း ကို အ ခ မဲ့ တတ်နိုင်တော့ အဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

သည် community center မှာ သင်တန်းတွေသင်ကြားပေးနိုင်တာ လပိုင်းသာ ရှိသေးပေမဲ့ သင်တန်းပေါင်းငါးခုလောက် သင်ကြားပေးပြီးနေပြီ ဖြစ်ပါတယ်။နောက် လာမယ့်နှစ် ဇန်နဝါရီလောက်မှာ လက်မှုပညာရပ်နဲ့ တရုတ်ဘာသာစကားသင် တန်းတွေပါ တိုးချဲ့သင်ကြားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

လူငယ်တွေ၊အမျိုးသမီးဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ စာပေ ချစ်မြတ်နိုးသူ အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာတွေလည်းရှိတယ်။ သည်အဖွဲ့တွေကနေ ဆွေးနွေးပွဲ၊ လက်မှုပညာရပ်တွေကို အဖွဲ့လိုက်သက်ဆိုင်ရာသင်ကြားပေးတာတွေ လည်းရှိတယ်လို့ သိရပါတယ်။

ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ ပြတိုက်၊ ကွန်ပြူတာခန်း၊ဆွေးနွေးခန်း၊ အားကစားလေ့ကျင့်တဲ့နေရာတွေလည်း ရှိပါတယ်။

“ဒီစင်တာကို ပြည်သူတွေ အသုံးချဖို့ပဲ ဖြစ်စေချင်တာသူတို့ (သင်တန်းသူ၊ သင်တန်းသား)အတွက် အသုံးဝင်တာပဲ ဖြစ် စေချင်တာ၊ ပြည်သူတိုင်းဟာ စိတ်ဝင်စား ပြီး ငါတို့အသုံးချလို့ရတဲ့နေရာပါလားဆို တာကို သိစေချင်တာပါ၊ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ” လို့ ဒေါ်သန်းသန်းဝေက ပြောပါတယ်။

Author /နန်းဟေမာထွေး