အီတလီမှ နာမည်ကျော် ခွဲစိတ်အထူးကု ဆာဂျီယို ကာနာဗီရိုဟာ သမိုင်းမှာ ပထမဆုံး လူသား ဦးခေါင်း အစားထိုး လဲလှယ်ပေးနိုင်တဲ့ ဆရာဝန်အဖြစ် မှတ်တမ်းတင်တော့မှာပါ။

play

ဒေါက်တာကာနာဗီရိုနဲ့ အတူ ဟာဗင်းဆေးတက္ကသိုလ်မှ တရုတ်လူမျိုးဒေါက်တာ ရှောင်ပင်းရန်လည်း သမိုင်းဝင်ခွဲစိတ်မှုမှာ ပါဝင်ခဲ့ပြီး ဒီခွဲစိတ်မှုဟာ စုစုပေါင်း ၁၈ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့ မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာကာနာဗီရိုဟာ သေပြီးသားအလောင်းဆီမှ ဦးခေါင်းကို ယူပြီး သူ့ လူနာရဲ့ ကိုယ်ခန္ဓာနဲ့ ချိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်လို့ ကြေငြာခဲ့တာပါ။ ဦးခေါင်းသစ်ကို တစ်ဘက်ကိုယ်ခန္ဓာသစ်ထဲမှာ အာရုံကြောမကြီးများ ၊ သွေးကြောများနဲ့ အောင်အောင်မြင်မြင် ဆက်သွယ်ပေးနိုင်ခဲ့တာလို့ လည်း သူကဆိုပါတယ်။

"ပထမဆုံး လူ့ ဦးခေါင်းအစားထိုး လဲလှယ်မှုက အလုပ်ဖြစ်သွားပါတယ်။ " လို့ ဒေါက်တာ ကာနာဗိရိုက သူ့ ရဲ့ Facebook ပေါ်တင်ထားတဲ့ ဗွီဒီယိုတစ်ခုမှာ ဖော်ပြထားပါတယ်။


play


ဒေါက်တာကာနာဗီရိုနဲ့ အဖွဲ့ ဟာ ယခုဦးခေါင်းလဲလှယ်မှု မလုပ်ခင်ကတည်းက ခွေးများ ၊ မျောက်များမှာ ဦးခေါင်းလဲလှယ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သို့ သော်လည်း ဒေါက်တာကာနာဗီရိုရဲ့ အဓိကပန်းတိုင်ကတော့ ဦးခေါင်းအစားထိုး လဲလှယ်မှု မဟုတ်ဘဲ ဦးနှောက်အစားထိုး လဲလှယ်ဖို့ ဖြစ်တယ်လို့ လည်း ဖွင့်ဟထားပါတယ်။

Credit : Duwun