မန်မာအပါအ၀င် အာဆီယံ နိုင်ငံ ၄ ခု ယှဉ်ပြိုင်ကစားကြမယ့် Men's Asian Challenge Hockey Tournament ပြိုင်ပွဲကို မနက်ဖြန် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ ဟော်ကီကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေထဲက တရုတ်တိုင်ပေအသင်း ၊ ဘရူနိုင်းအသင်း ၊ ဟောင်ကောင်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဆုကြေးအဖြစ်သတ်မှတ်ထားတာမရှိပေမယ့် အနိုင်ရရှိသူဟာ အာရှအဆင့်မှာ သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးစောလုလုထော် ကပြောပါတယ်။

ဒီပြိုင်ပွဲနဲ့ပတ်သတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ က ရန်ကုန်မြို့သိမ်ဖြူဟော်ကီကစားကွင်းရုံးခန်းမမှာပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ထိပ်ဆုံးရောက်ရှိဖို့ ဦးတည်ထားတယ်လို့ မြန်မာအသင်းမန်နေဂျာက ပြောပါတယ်။

ဟောင်ကောင်အသင်းကတော့ သူတို့အနေနဲ့ ပထမရအောင်ကြိုးစားသွားမှာဖြစ်ပြီး အနည်းဆုံးဒုတိယတော့ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

ဘရူနိုင်းအသင်းနဲ့ တရုတ်တိုင်ပေအသင်းတို့ကတော့ ချစ်ကြည်ရင်းနှီးမှုအတွက် လာရောက်ယှဉ်ပြိုင်ကစားကြတာဖြစ်တယ်လို့ ပြောပါတယ်။

မနက်ဖြန် နေ့လည် ၁၂ နာရီမှာ ပြိုင်ပွဲဖွင့်ပွဲကိုပြုလုပ်ပြီး ညနေ ၃ နာရီမှာတော့ ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

YL