ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့် က (၃)လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

သေဆုံးသူများမှာ မတင်တင်စန်း - ၃၃နှစ်၊ (ဘ)ဦးလှရီ၊ ဒေါ်ခင်ရီ - ၆၀နှစ်၊ (ဘ)ဦးချစ်အောင်၊ မောင်လင်းလင်းထိုက် - ၁၀နှစ်၊ (ဘ)ဦးဇော်ထိုက် တို့ဖြစ်ပြီး မစန္ဒာဦး - ၂၅နှစ်၊ (ဘ)ဦးသိန်းဇံမှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပါသည်။

အခင်းဖြစ်ရပ်မှ သေဆုံးသူ မတင်တင်စန်း၏ ယောင်္ကျားဖြစ်သူမှာ ပျောက်ဆုံးလျှက်ရှိပါသည်။

ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်သည် မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညွန့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညဏ်လွင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်း အဖွဲ့တို့နှင့်အတူ ည ၇ နာရီ အချိန်တွင် အခင်းဖြစ်ရပ်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး သေဆုံးသူ မတင်တင်စန်း၏ ယောင်္ကျားဖြစ်သူ သန်းဇော်အား ရှာဖွေတွေ့ရှိနှိုင်ရေးနှင့် တရားခံအား အမြန် စုံစမ်းဖော်ထုတ်ဖမ်းဆီးနှိုင်ရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်