ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် လမ်း(၂၀)နဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ လမ်းပြLEDဆိုင်းဘုတ်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုတစ်ခု ဒီဇင်ဘာ (၁၄)ရက်၊ နံနက်(၂)နာရီ ဝန်းကျင်ကဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လမ်းတစ်ဖက်တစ်ချက်စီမှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းမျက်နှာစာပိုင်း နဲ့နေအိမ်ခေါင်မိုးအဖျားပိုင်း အနည်းငယ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်(၄)စီး၊ အကူယာဉ်(၁)စီးနဲ့ မီးငြှိမ်းသတ်ခဲ့ပြီး နံနက်(၂)နာရီ (၄၀)မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ကနဦး သတင်းအရ သိရပါတယ်။ဒီသတင်းကို Central News Bureauက အောင်ဖြိုးနိုင် ပေးပို့တာဖြစ်ပါတယ်။