ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးသွားကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ဘိန်းဖြူကျပ်သိန်း ၁၂၅၄၀ တန်ဖိုးဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။ မိုးညှင်းမြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ နန့်မွန်းကျေးရွာ ဟိုပင်-အင်းတော်ကြီးသွား ကားလမ်း အေးရိပ်မွန်ကဖေးအနီး သတင်းအရစောင့်ဆိုင်းနေစဉ် ယာဉ်မောင်း လှိုင်မြင့် (၃၁ နှစ်) မောင်းနှင်ပြီး ကိုကိုလင်းမောင် (၁၇ နှစ်) လိုက်ပါလာတဲ့ ယာဉ်နဲ့အတူတူ မောင်းနှင်လာ တဲ့ ဟိုပင်မြို့နေ ဇင်မင်းဦး (၂၂ နှစ်)နဲ့ လိုက်ပါလာသူ လှိုင်ဟန်ထွန်း (၂၁ နှစ်) တို့ ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့တာပါ။



လှိုင်မြင့်မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်းတွင်း ရောင်စုံဆပ်ပြာခွက်တွေအတွင်း ဘိန်းဖြူ ဖြူဝါအမှုန့် အလေးချိန် ၁၂ ဂရမ်စီခန့်ပါ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ပီနံအိတ်ကြီး ၅ အိတ် စုစုပေါင်းတပ်ပြာခွက် ၁၁၀၀ ခွက် အလေးချိန် ၁၃ ဒသမ၂ကီလိုဂရမ်ခန့်ကာလတန်ဖိုးကျပ်သိန်း ၁၂၅၄၀ သိန်းဖိုးကိုသိမ်ဆည်းရမိခဲ့ပါတယ်။

ဘိန်းဖြူတွေသိမ်းဆည်းရမိခဲ့တဲ့အတွက် သယ်ဆောင်လာသူ ၄ ဦးအား တရားလိုရဲအုပ်နိုင်လင်းထွန်းက လုံးတုံရဲစခန်းမှာ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားပါတယ်။ မုန်းမုန်းမင်း