ရှမ်း ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ရှမ်းပြည်နယ်စက် ဘီးကော်မတီ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်နှင့် တာချီလိတ်Moun-tain Bike Group တို့ပူးပေါင်းကျင်း ပသည့် ပထမဆုံးအကြိမ် ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီ လိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအနီး၊ ဗိုလ်ချုပ် လမ်း မကြီး၌ ထိုင်းနိုင်ငံမှ စက်ဘီးစီးဝါ သနာရှင်များပါ လာရောက် စီးနင်း ကြကြောင်း သိရသည်။
""လေထုညစ်ညမ်းမှုကို ထိန်း ချုပ်ကာ ကမ္ဘာ့အိုဇုန်းလွှာပေါက်ပြီး ပျက်စီးတာတွေကို ပြုပြင်နိုင်ဖို့ရာ အကောင်းဆုံးဖြေရှင်းနည်းက စက်ဘီးစီးခြင်းပဲဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်နဲ့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုအကျိုးပြု တဲ့ စက်ဘီးအကြောင်းဖြစ် ပါတယ်။
လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကို ကြည့်မယ်ဆိုရင် နေ့စဉ်လှုပ်ရှားမှု အနေနဲ့ရော၊ သွေးလေ၊ နှလုံး၊ ဆီးချို၊ သွေးတိုးစတဲ့ ကျန်းမာရေး နဲ့ ပတ်သက်တဲ့အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အထောက် အကူပြုပေးတာ ဒီစက်ဘီးအားက စားပဲဖြစ်ပါတယ်""ဟု မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ပြောကြား သည်။
အခမ်းအနားတွင် တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း ရွှေက အဖွင့်အမှာစကားပြောကြား ပြီး မြန်မာနိုင်ငံစက်ဘီးးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်း က စက်ဘီးစီးအားကစားသမားများ အား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး စက်ဘီးစီးအားကစား သမား ၇၀ဝ ကျော်ခန့်က ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှေ့မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဟောင်လိတ်မီးပွိုင့်လမ်းဆုံသို့လည်း ကောင်း၊ တာချီလိတ်- ကျိုင်းတုံ သွားလမ်းမကြီးအတိုင်းမယ်ယန်း ကျေးရွာဘက်သို့လည်းကောင်း၊ မယ်ယန်းကျေးရွာဘက်မှ မိုင်းဖုန်းလမ်းခွဲလမ်းမကြီးအတိုင်းမိုင်းဖန်း (က)အုပ်စု၊
ဝမ်ပုံကျေးရွာ၊ အထက် တန်းကျောင်းခွဲသို့လည်းကောင်း၊ လမ်းကြမ်းကီလို ၅၀ Mountain Bike စီးနင်းကြကာ ဆုရရှိသွား ကြသော အသက်(၂၅) နှစ်အောက်၊(၂၅)နှစ်မှ(၃၅)နှစ်၊(၃၅)နှစ်မှ(၄၅) နှစ်၊(၄၅)နှစ်အထက် အဖွဲ့လိုက် ဆုရပြိုင်ပွဲဝင်အားကစားသမား များအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည် နယ် လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ် ရေးမှူးဦးတင်ဝင်းရွှေနှင့်ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦး အောင်ဝင်းထွန်း၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအ သင်းအဖွဲ့များ၊ ထိုင်းနိုင်ငံမှ အ ပျော်စီးနှင့်ပြိုင်ပွဲဝင်မည့် စက်ဘီး စီးဝါသနာရှင်များ၊ ကျိုင်းတုံ၊ မန္တ လေးနှင့် တာချီလိတ်မှ အပျော်စီး နှင့် ပြိုင်ပွဲဝင်မည့် စက်ဘီးစီးဝါသ နာရှင်ပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

TT