မီးရထားလမ်းပိုင်း ပြုပြင်ပြီးပါက   မြို့ပတ်ရထားတွေ ယခုစီးနင်းနေတဲ့ နှုန်းထားထက် လေး၊ငါးဆလောက် တက်လာမယ်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ – ရန်ကုန်မြို့တောင်နဲ့ မြောက် ဒလမှ မင်္ဂလာဒုံလေဆိပ်သွား ရထားလမ်းပိုင်း၊ အရှေ့နဲ့အနောက် လှိုင်သာယာမှ ဒဂုံမြို့သစ်အထိ မြေပေါ်၊ မြေ အောက်ရထားလမ်း ဖောက်လုပ်သွားဖို့ Greater Yangon Development အစီ အစဉ်အရ စီမံကိန်းရေးဆွဲထားပြီး ဖြစ် တယ်လို့သိရပါတယ်။

‘ဒီလုပ်ငန်းက လျှပ်စစ်နဲ့ လုပ်ရမှာ ဖြစ်တယ်၊ ၂၀၂၀ ဝန်းကျင်မှာ စတင်လုပ် ကိုင်နိုင်ရန် စီမံချက်ဆွဲထားတယ်၊ပြီးမှာ ကတော့ ခန့်မှန်းခြေ လေးနှစ်လောက် ကြာမယ်၊ ၂၀၂၄ လောက်ဆိုရင် ရန်ကုန် တစ်မြို့လုံးက နေရာအတော်များများကို စင်ကာပူ၊ ဟောင်ကောင်တို့လို လူတွေ သွားလာလို့ ရလာမှာပါ˘လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်းကြီးဌာန မြန်မာ့ မီးရထားမှ စီမံကိန်း ဒါရိုက်တာ ဦးဘမြင့် က ပြောပါတယ်။

ရန်ကုန်မြို့အတွင်းမှာ အခုဆိုရင် ကားလမ်းပိတ်ဆို့မှု ဖြစ်လာတာကြောင့် မြေပေါ်၊ မြေအောက် ပြေးဆွဲသွားမယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေပြီ။
ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်ဘူတာကြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

ဦးဘမြင့်က “ရန်ကုန်နေရာတော်တော်များများကို ချောင်ချောင်ချိချိနဲ့ သွားလို့ရလာမှာပါ၊ လူတွေ ကိုယ်ပိုင်ကားတွေ သိပ်များများသုံးစရာမလိုဘဲ Public Transportေ ကာင်းလာမယ်”လို့ ပြောပါ တယ်။
အဆိုပါစီမံကိန်း ပြီးစီးအောင်မြင်ခဲ့ပါက အဲကွန်းတွေ ပါဝင်တဲ့ ရထားတွဲတွေနဲ့ ခရီးသွားပြည်သူတွေ သက်သောင့်သက် သာရှိအောင်ခရီးသွားနိုင်ရန် စီမံပေးမှာ ဖြစ်ပြီး တစ်ရက်လျှင် ခရီးသွားပြည်သူ ၂.၅ သန်းကို ခရီးသွားဝန်ဆောင်မှုပေးနိုင်မယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာ့မီးရထားအနေနဲ့ အခုပြေးဆွဲနေတဲ့ မီးရထားလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံခြား ကုမဏီတွေနဲ့ မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေကို ဒီဇင်ဘာလအတွင်းမှာ တင်ဒါခေါ်ပြီး လက်မှတ်ထိုးသွားဖို့ ရှိ ပြီး ၂၀၂၁ ခုနှစ်မတိုင်ခင် အပြီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“လူတွေက ဘက်စ်ကားကျပ်တဲ့အ ပေါ်မှာ မူတည်ပြီးတော့ ရထားပေါ်တက် လာပါတယ်၊ ခုလောလောဆယ် မေတ္တာရပ်ခံချင်တာက လမ်းပြင်ဦးမယ်၊ ဒီထက် ကောင်းအောင်ပြင်သွားမယ့် ကာလလေးနှစ်နှစ်ခွဲ လောက်အတွင်းမှာတော့ နည်း နည်းလေး သည်းခံပေးပါ”လို့ သူက ပြော ပါတယ်။

ယခင်က ရန်ကုန်မြို့ပတ်ရထားကို တစ်ရက်မှာ စီးနင်းသူ ၆၀,ဝ၀ဝ နီးပါးရှိပြီး အခုက ဘတ်စ်ကားကျပ်လာမှုတွေ ဖြစ်လာတာကြောင့် တစ်ရက်လျှင် ရထားဖြင့် ခရီးသွားသူ ၉၀,ဝ၀ဝ ကျော်အထိ မြင့် တက်လာပါတယ်။
မြန်မာမီးရထားဌာနအနေနဲ့ လမ်းတွေ အလွယ်တကူ ပြင်ဆင်နိုင်ဖို့ လုပ် ဆောင်တာတွေနဲ့ လမ်းပြင်ဆင်ဖို့ လိုအပ်တဲ့ ကျောက်ပုံတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

မီးရထားလမ်းပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးပါက  မြို့ပတ်ရထားတွေမှာ ယခုစီးနင်းနေတဲ့ နှုန်းထားထက် လေး၊ငါးဆလောက် တက်လာမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

အဝေးပြေး ရထားလမ်းဖြစ်တဲ့ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေ သက်သောင့် သက်သာနဲ့စီးနိုင်တဲ့ အဲကွန်းတပ်ဆင်ထားတဲ့ရထားတွဲဆိုင်းတွေနဲ့ အစားထိုး ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

Author /အောင်မင်းသိန်း