ရန်ကုန်၊ ဒီဇင်ဘာ ၂၄ – ၂၀၁၈ ခုနှစ် ပညာသင် နှစ် အဝေးသင်တက္ကသိုလ် တက်ရောက် ခွင့်ရရှိသူတွေကို လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ ကျောင်းစတင်အပ်နှံခွင့်ပြုမယ်လို့ အဝေးသင် တက္ကသိုလ်ဌာနခွဲတချို့က ထုတ်ပြန်ထားပါတယ်။
သိပံအထူးပြုတက်ရောက်မယ့် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ လက်တွေ့သင်တန်းတွေကို ဇန်နဝါရီလ ၁၃ရက်နေ့မှာ စတင်တက်ရောက်ရမှာဖြစ် ပြီး ပထမနှစ်ဝက်စာစဉ်တွေကို မေလ ၃၁ ရက် နေ့နဲ့ ဒုတိယနှစ်ဝက်စာစဉ်တွေကို ဇူလိုင် လ ၃၁ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမယ်လို့ သိရပါတယ်။

အဝေးသင်ဝင်ခွင့်ရသူစာရင်းကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဝေးသင် ကျောင်းဝင်ခွင့် မှတ်ပုံတင်တာတွေကို ၂၀၁၈ ခုနှစ် မတ် ၃၀ ရက် နောက်ဆုံးထား ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ကျောင်းဝင်ခွင့် မှတ်ပုံတင်ကြေးတွေကို သက်ဆိုင်ရာအဝေးသင် တက္ကသိုလ်ဌာနခွဲတွေမှာ ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့ ကနေ ၄၅ ရက် အတွင်း တစ်ကြိမ်တည်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေနဲ့ သင်တန်းတက်ခွင့်ရရှိသူတွေ စာရင်း ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့မှာ ထုတ်ပြန်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာအရ ဘွဲ့ကြိုပထမနှစ်နေ့ သင်တန်းတွေကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Author / မေသော်တာမောင်