ဆန်းချက်ဇ်ကို မန်စီးတီးအသင်းက ခေါ်ယူလိုနေပြီး ဒီနှစ်ရာသီအစက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်က မရောင်းချခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဆန်းချက်ဇ်ကို စာချုပ်သက်တမ်း တိုးလိုပေမယ့် လစာကိစ္စဆွေးနွေးမှု အဆင်မပြေ ဖြစ်နေတာကြောင့် ရောင်းထုတ်ရဖို့ ဖြစ်လာတာပါ။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်အသင်းက ဆန်းချက်ဇ်ကို ရောင်းမထုတ်ခဲ့ဘူးဆိုရင် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ရဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရှိနေပြီး အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတချို့က ဆန်းချက်ဇ်ကို အရန်ခုံမှာထားဖို့ နည်းပြ အာစင်ဝင်းဂါးကို တိုက်တွန်းနေကြတယ်လို့ ဆိုပါတယ်။