ပယင်းကျောက်သည်အခြားကျောက်များကဲ့သို့တွင်းထွက်မဟုတ်ဘဲသစ်ပင်အစေးကဖြစ်ပေါ်လာသောကျောက်အမျိုးအစားဖြစ်သည်။

ပယင်းကျောက် အမျိုးမျိုးရှိသည့်အနက် ကချင်ပြည်နယ် ဟူးကောင်းတောင်ကြား တနိုင်းစသောဒေသများကထွက်သော ပယင်းကျောက်မှာ

လူကြိုက်များသည်။ပယင်းကျောက်သည်သွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးရောဂါ၊သွေးတိုးရောဂါနှင့်ဆီးချိုရောဂါများကို သက်သာစေသည်။

လည်ပင်း(သို့)ခေါင်းတွင်ဒဏ်ရာရရှိပြီးနာကျင်မှုဝေဒနာခံစားနေသူများအသုံးပြုရန်သင့်တော်ပါသည်။အဆစ်ရောင်ရမ်းမှုကိုလည်းလျော့ပါးသက်သာစေခြင်းကြောင့် ဒူလာရောဂါရှိသူများ ၀တ်ဆင်သင့်ပါသည်။ပယင်းသည်ကိုယ်တွင်းကဓါတ်များကို မျှတစေရန် ထိန်းညှိပေး၍ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတို့ကိုလျော့ပါးသက်သာစေပါသည်။ပယင်းတွင်ပါဝင်သောအာနိသင်များသည် အရေပြားမှတဆင့် ကိုယ်တွင်းသို့စိမ့်ဝင်သွားခြင်းကြောင့် ကျန်မာရေး အတွက် အထူးကောင်းမွန်ပါသည်။