သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေကာကွယ်တာ သို့မဟုတ် ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါသည်။ အရောင်ဆိုးထားတဲ့ဆံပင်အတွက် ရေကိုအခြေခံထားတဲ့ပစ္စည်းတွေက အဆီကိုအခြေခံထုတ်တဲ့ပစ္စည်းတွေထက် ပိုပြီးသင့်လျော်ပါသည်။

အရောင်ဆိုးထားတဲ့ဆံပင်ဟာ ပုံမှန်ဆံပင်ထက် ပိုပြီးခြောက်သွေ့တတ်ပါသည်။ ဒါကြောင့်ပျော့ဆေးကို ရေနွေးနဲ့နယ်ပြီးဆံပင်ကိုလိမ်းပေးပါ။


ဆေးကိုစုပ်ယူသွားနိုင်စေဖို့ နာရီဝက်ခန့် သဘက်နဲ့ပေါင်းထားပေးပါ။ ခေါင်းလျှော်ချလိုက်ပြီးရင်တော့ သင့်ဆံပင်ရဲ့ တောက်ပမှုကို မြင်တွေ့ခံစားရမှာပါ။

အစိုဓာတ်ထိန်းပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးပေးခြင်းက အရောင်တွေကို တောက်တောက်ပပဖြစ်နေအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

သင်ဆံပင်အရောင်တစ်ခါပြောင်းလိုက်တိုင်းမှာ လိုအပ်တဲ့အခြေအနေထိရောက်အောင်သုံးရတဲ့ ဓါတုပစ္စည်း တွေပိုများလာခြင်းကြောင့် သင့်ဆံပင်ကို ပိုပျက်စီးစေနိုင်သောကြောင့် သင်ကပြောင်းလဲချင်နေတယ်ဆိုရင်တောင် အတော်ကြာမှပဲ ဖြည်းဖြည်းချင်းလုပ်ပါ။

ရေကူးကန်မှာဖြစ်စေ ကမ်းခြေမှာဖြစ်စေ ရေကူးပြီးတိုင်း ခေါင်းသေချာလျှော်ပေးပါ။ခေါင်းလျှော်ပြီးတိုင်း dryer မသုံးပါနဲ့။ dryerတွေ၊ ကောက်စက်၊ဖြောင့်စက် စသည်တို့ကိုသုံးခြင်းက သင့်ဆံပင်ကို ကျိုးကြေစေပြီး ကျိုးကြေနေတဲ့ဆံပင်က အရောင်တွေကို သေချာထိန်းနိုင်မှာမဟုတ်ပါ။ ဒါကြောင့်ဖြစ်နိုင်ရင် သဘာဝအတိုင်းအခြောက်ခံပါ။ဆေးဆိုးဆံပင်နဲ့သင့်ဦးရေပြားနဲ့ကိုက်ညီနိုင်မယ့် ခေါင်းလျှော်ရည်ကိုရွေးချယ်အသုံးပြုပါ။