
ခင်ဦး(နိုဝင်ဘာ-၈)
နိုင်ငံတော် (ဗဟို) သံဃာ့နာယကဆရာတော်ကြီးများမှ သံဃာတော်များ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ မောင်းနှင်ခြင်းမပြုလုပ်ရန် အကြိမ်ကြိမ်တားမြစ်ထားပါလျှက်နှင့် မြို့နယ်တစ်ချို့မှ သံဃာတော်များမှာ ဆရာတော်ကြီးများ၏ မေတ္တာစေတနာမိန့်မှာစကားကို လိုက်နာဆောင်ရွက်ခြင်း မရှိခြင်းကြောင့် နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၇ နာရီခန့်က ခင်ဦးမြို့နယ်တွင် သံဃာတစ်ပါး မောင်းနှင်လာသော ကားနှင့် ဆိုင်ကယ်တိုက်မိရာ ကျောင်းသားတစ်ဦး သေဆုံးသွားသဖြင့် ဥပဒေအရ သာသနာ့ဘောင်မှ ရဟန်းတစ်ပါး သိက္ခါလဲချ၊ လူဝတ်လဲပြီး ဖမ်းဆီးအရေးယူခြင်း ခံရသည်။

ယခုလိုအဖြစ်မျိုး နောက်နောင် မဖြစ်ပွားရလေအောင် သံဃာတော်များ ယာဉ်မောင်းနှင်ခြင်းမပြုလုပ်ရန် မေတ္တာစေတနာဖြင့် ရေးသား ဖော်ပြရခြင်း ဖြစ်ပါသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တမုတ်ကျေးရွာ ထနောင်းကိုင်းလေးလမ်းဆုံ အနီး ရွှေဘို-မြစ်ကြီးနား(ပြည်ထောင်စု)ကားလမ်း မိုင်တိုင်အမှတ် (၂ဂ/၂၉) ကီလိုမီတာကြား၌ ဘုန်းကြီးကားနှင့် ဆိုင်ကယ်တိုက်မိရာမှ ကျောင်းသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၊ မြို့မစခန်းမှူး ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်အောင်ဇော် တို့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွှေဘုံသာရေလယ်ကျောင်းအမည်ပါ HONDA FIT အမျိုးအစား (ခဲရောင်) SHN/5F -3077 နံပါတ်ဖြင့် မောင်းနှင်လာသော ရွှေဘုံသာရေလယ်ကျောင်းထိုင်ဆရာတော် အရှင်အာစရ(ခ) ဦးအောင်မြင့်ဝင်း ၄၂နှစ် ၀ါတော် (၂၂) ၀ါ (ဘ)ဦးဘဟိန်း ဂွေးကုန်းကျေးရွာ ခင်ဦးမြို့နယ်နေသူနှင့် (ပထမနှစ် ပထ၀ီကျောင်းသား) ကျော်စိုးသူ ၂၁ နှစ် (ဘ)ဦးသန်းဌေး မယ်ဇလီကျေးရွာ ကန့်ဘလူမြို့နယ်နေသူ မောင်းနှင်လာသော RG STAR CZI အနီရောင် ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ ၎င်းကျော်စိုးသူမှာ နေရာတွင် ပွဲခြင်းပီး သေဆုံးသွားကြောင်း သိရသည်။



၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ခင်ဦးမြို့နယ် ဂွေးကုန်းကျေးရွာ ရွှေဘုံသာရေလယ်ကျောင်းထိုင်ဆရာတော် အရှင်အာစရ(ခ) ဦးအောင်မြင့်ဝင်း အား မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သဲပုံဆရာတော် ဘဒ္ဒန္တသုဇာတ အရှင်သူမြတ်နှင့် မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင် ဆရာတော်ကြီးများထံ ရဟန်းသိက္ခါတော်ချ၍ လူဝတ်လဲပြီး မြို့မရဲစခန်းမှ ယာဉ်(ပ)၄၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄- ကဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
……Chit San……


















