
ငြိမ်းချမ်းရေးဂီတပွဲတော် ၂၀၁၇ သီချင်းဆိုပြိုင်ပွဲLevel (3)အဆင့် ပွဲစဉ် ၂ ကို နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ Level(3) အဆင့် ပြိုင်ပွဲသို့ ရွေးချယ်ခံထားရသည့် ဆန်ခါတင် ၁၁ ဦး အနက်မှ ၃ ဦးအား ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပမည့် Grand Final ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု များ ရွေးချယ်ကာ ပထမဆုအား ငွေကျပ် သိန်း ၃ဝဝ ကိုလည်းကောင်း၊ ဒုတိယဆုအား ငွေကျပ် သိန်း ၂ဝဝ ကိုလည်းကောင်း၊ တတိယဆုအား ငွေကျပ် သိန်း ၁ဝဝ ကိုလည်းကောင်းချီးမြှင့်ပေးသွားမည့်အပြင် နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ စီဖြင့် စုစုပေါင်း နှစ်သိမ့်ဆု ၈ ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 
						 
	                  
	                  
	                  
	                 
						 
						
















