၂ဝ၁၄ အသက် ၁၉ နှစ်အောက် အာရှဖလား ပြိုင်ပွဲဝင် မျိုးဆက် ထဲက နာမည်ရလာ

လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ် စာချုပ်ချုပ် ကြမယ်ဆိုတဲ့ သတင်းမျိုး ကြားသိ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

၂ဝ၁၄ တုန်းက မြန်မာနိုင်ငံ အိမ်ရှင် အဖြစ် ကျင်းပခွင့် ရခဲ့တဲ့ အသက် ၁၉ နှစ်အောက် အာရှဖလား ပြိုင်ပွဲဝင် မျိုးဆက် ထဲက နေ အောင်သူ တစ်ယောက် နာမည် ရလာတာ ဖြစ်ပြီး၊ နောက်ပိုင်း နှစ်တွေမှာလည်း ပြည်တွင်း ပြည်ပ ပွဲတွေမှာ ခြေစွမ်း ဆက်ပြပြီး ဂိုးတွေ သွင်းယူ နိုင်ခဲ့လို့ နိုင်ငံခြား ပရိသတ်တွေကပါ သတိ ထားမိပြီး အားပေးမှုတွေ ရရှိ ခဲ့ပါတယ်။

အောင်သူ ပြောင်းရွှေ့ ကစားမယ့် Police Tero အသင်းဟာ ထိုင်း ကလပ်တွေထဲ ထိပ်တန်း အသင်းကြီး တွေထဲ ပါဝင်တာဖြစ်လို့ အောင်သူ့ အနေနဲ့ ပိုပြီး အတွေ့အကြုံရ၊ ခြေစွမ်းထက်လာဖို့ မျှော်လင့်ရတယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ် ယူ ၂၃ အသင်းရဲ့ အတွင်းရေးမှူး ကိုမိုးဝေက သုံးသပ်ပါတယ်။

BBC Burmese